Trello Application for business (or) personal management

Trello ဆိုတာက စီမံခန့်ခွဲမှု Application တခုပါ ။ စာရွက်ပေါ်မှာ လုပ်စရာကိစ္စတွေ ရေးမှတ်ထားသလို ၊ ပြက္ခဒိန်ပေါ်မှာ အမှတ်အသားပြုထားသလို ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှုကိစ္စများအားလုံး ကို နည်းပညာအကူအညီ နဲ့ Browser ပေါ်မှာ အလွယ်တကူ အကုန် လုပ်လို့ရနိုင်တဲ့ Application ဖြစ်ပါတယ်။
ဒီ Application ကို ဝန်ထမ်းများစွာနဲ့ လည်ပတ်နေရတဲ့ လုပ်ငန်း(ကြီး)တွေမှာ အသုံးပြုနိုင်သလို သာမန်နေ့စဥ်ဘဝမှာလဲ အသုံးပြုလို့ရပါတယ်။ ဒီ Application ရဲ့ အလုပ်လုပ်ပုံ နဲ့ ဘယ်လို အသုံးပြုရသလဲ ဆိုတာတွေ ကို အောက်မှာ ဆက်လေ့လာလို့ရပါတယ်။

How to Sign-up

ဒီ website link ကနေ လိုအပ်တာတွေ ဖြည့်ပီး အလွယ်တကူ Account ဖွင့်လို့ ရသလို Google Account နဲ့ ချိတ်ပီးတော့လဲ One Click အလွယ်ဖွင့်လို့ရပါတယ်။ Trello က Mobile Application အနေနဲ့ လဲ ဖြန့်ချီထားတာမို့ browser ကနေ ဝင်ပြီးမှ မဟုတ်ပဲ Mobile App ကနေ တဆင့်လဲ Signup ပြုလုပ်လို့ရပါတယ်။

Sing-up from web browser

ဒီအောက်က ပုံ(၁) ကတော့ Trello မှာ signup ပြုလုပ်ပီးရင် ပထမဆုံး မြင်ရမယ့် ပုံစံ ဖြစ်ပါတယ်။
သူ့ကို မိမိ တစ်ယောက်တည်းသုံးတဲ့ Personal Board အဖြစ်သုံးလို့ရသလို ၊  အဖွဲ့လိုက်အလုပ်လုပ်တဲ့ Team board တွေ အဖြစ်လည်း သုံးလို့ရပါတယ်။

ပုံ(၁)

Board

Board ဆိုတာကတော့ အပြင်မှာ ကျွန်တော်တို့မြင်နေရတဲ့ Whiteboard တွေ နဲ့ အလားသဏ္ဍာန် တူပါတယ်။ အပြင် Whiteboard မှာ ကျွန်တော်တို့ ရေးရမယ့်စာတွေ ၊ အမှတ်အသားတွေကို ဆော့ပင်နဲ့ ရေးခြစ်ကြသလို အခု Trello မှာလဲ Board ပေါ်မှာ ဘယ်လိုရေးရမလဲ ဆိုတာ ပုံတွေနဲ့ ဆက်ရှင်းပြပါရစေ။

Team

အဖွဲ့လိုက်အသုံးပြုလို့ရဖို့အတွက် မိမိအဖွဲ့ထဲမှာ ဘယ်သူတွေထည့်မှာလဲဆိုတာ ကိုရွေးပေးဖို့လိုတာပေါ့။  ပုံ (၁) မှာ အနီပြထားတဲ့ Create a team …ဆိုတာကနေ Team ဖွဲ့ ၊ Member တွေထည့်လို့ရပါတယ်။ Member ထည့်တဲ့နေရာမှာ နည်း ၂ နည်းနဲ့ ထည့်လို့ရပါတယ်။ Email Address နဲ့ တန်း invite လုပ်လို့ရသလို Invatation Link လုပ်ပီး အဲဒီ link ကို ပို့ပေးလိုက်ရင်လဲ Member အဖြစ် request ပို့တာပါပဲ။

ပုံ(၂)

အဖွဲ့ကိုအရင်ဖန်တီးပြီးရင်တော့ Board အသစ်တစ်ခုကို Create new board ကနေ စတည်ဆောက်လိုက်ပါမယ်။ ပြီးရင်တော့ အဲဒါကို မိမိနှစ်သက်ရာနာမည်ပေးလို့ရပါတယ်။​ ယခုတော့ ‘Tutorial’ လို့ နာမည်ပေးထားတဲ့ board မှာ တကယ်လို့ ကိုယ့်က အဖွဲ့လိုက် သုံးချင်တယ်ဆိုရင်တော့ No team ဆိုတဲ့ နေရာလေးမှာ နှိပ်ပီး ဖန်တီးထားတဲ့ team ကို ရွေးပေးရပါ့မယ်။ မဟုတ်ပဲကိုယ်ပဲသုံးမှာ ဆိုရင်တော့ ဒီတိုင်းပဲထားလိုက်ပါ။

အဲဒီနောက်မှာတော့ ဒီ Board ကို လူတကာ မြင်ရအောင် ပြုလုပ်မှာလား ။ ကိုယ်ပဲ မြင်ရအောင်လုပ်မှာလားဆိုတာကို ရွေးချယ်ဖို့လိုပါတယ်။ ဒီ board ကို Private လား? Public လား ဆိုတာ ရွေးရမှာပါ။ Private ထားထားတယ်ဆိုရင်တော့ ဒီ Board ကို ကိုယ်တယောက်ထဲပဲ မြင်ရမှာ ဖြစ်တဲ့ အပြင် Team အနေနဲ့ ဆိုရင်လဲ Member ဖြစ်ပီးသူများသာ မြင်ရမှာ ဖြစ်ပါတယ်။

Board ဖွင့်ပီးသွားပီ ဆိုရင်တော့ ပုံ(၃) ထဲက အတိုင်း List တွေ Card တွေနဲ့ အလုပ်စလုပ်လို့ ရပါပြီ။

ပုံ(၃)

List

List ဆိုတာကတော့ သေတ္တာ လိုပါပဲ ။ လုပ်ရန် အလုပ်တွေကို သေတ္တာတလုံး ထဲ ထည့် ၊ လုပ်လက်စတွေကို သေတ္တာတလုံးထဲ ထည့် ၊ လုပ်ပီးသားတွေကို သေတ္တာတလုံးထဲ ထည့်မယ့် ပုံစံ ဖြစ်ပါတယ်။ (ကိုယ့်စိတ်ကူးအတိုင်း ကြိုက်သလို သေတ္တာတွေ တည်ဆောက်လို့ ရသလို List တွေ Create လို့ရပါတယ်။ ပုံ(၃) မှာ ကျွန်တော်ပြထားတာက နမူနာပုံစံ သာ ဖြစ်တာမို့ ဒီအတိုင်း တပုံစံထဲ လိုက်လုပ်စရာမလိုပါဘူး)

Card

သေတ္တာ (List) တွေ ထဲမှာ Card တွေရှိပါတယ်၊​ ။ ထည့်ချင်တဲ့ကတ်တွေကို  +Add a card ဆိုတာကို နှိပ်ထည့်လို့ရပါတယ်။

ပုံ(၄)

ပုံ(၄) က Card တွေ ထည့်ပီးတဲ့ အခြေအနေပါ ။ ခင်ဗျား ဆောက်လိုက်တဲ့ Card တွေမှာတော့ ဒီပုံမှာ မြင်နေရတဲ့ အစိမ်းရောင် လိုင်းလေးတွေ ပါမှာမဟုတ်ပါဘူး ။ အဲဒီ လိုင်းလေးတွေက တကယ်တော့ Label လေးတွေဖြစ်ပါတယ်။​  သူ့ကိုထည့်ချင်ရင်တော့ နောက်ထပ် settings ကိုဖွင့်ကြည့်ဖို့လိုပါတယ်။ အဲဒီ Card လေးတွေကို ထောက်ကြည့်ရင် အဲဒီ နားလေးမှာ ခဲတံလိုပုံစံလေး ပေါ်လာပါမယ်။ ဒါက Card တွေရဲ့ setting ကို ကိုယ်လိုအပ်သလို အသုံးချရမှာမို့ အရေးကြီးတယ်လို့ ပြောလို့ရပါတယ်။

ပုံ(၅)

ပုံ(၅) ကတော့ အဲဒီ ခဲတံပုံစံလေးကို ထောက်ကြည့်လိုက်ရင် မြင်ရမယ့် setting ပါ။

ပုံ(၆)

ပုံ (၆) က အဲဒီ ခဲတံ ပုံစံကို မနှိပ်ပဲ Card ပေါ်မှာ Double Click ၂ ချက်နှိပ်လိုက်တဲ့ အခါ ကျလာမယ့် Setting ပုံစံပါ။

Member

ပုံ(၆) setting ညာဘက်အပေါ်ထောင့်မှာ တွေ့ရတဲ့ ‘Member’ ဆိုတာက ဒီ Card (အလုပ်) မှာ ကိုယ်နဲ့ အတူ တွဲလုပ်ရမှာ ၊ သို့မဟုတ် ကိုယ်က တာဝန်သတ်မှတ်ပေးချင်တဲ့ အခါမျိုးတွေမှာ Email Address ကို ထည့်ပီး Member အဖြစ် သတ်မှတ်လို့ ရပါတယ်။

Label

ဒုတိယတွေ့ရမယ့် ‘Label’ဆိုတာက ကိုယ်တည်ဆောက်လိုက်တဲ့ Card ရဲ့ အရေးပါမှု ကို သတ်မှတ်တဲ့ နေရာ ၊ အမျိုးအစား ခွဲခြားတဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ Card တွေများလာလို့ ရုတ်တရက် ကိုယ်လိုချင်တာကို ရှာမတွေ့တဲ့အခါ ဒီ လို Lable လေးတွေတပ်ထားပေးတာက တကယ်အသုံးဝင်ပါတယ်။ နောက်ပြီး ကိုယ်ရှာဖွေချင်တဲ့Card တွေကို  Label အလိုက် ဖြစ်စေ၊ Member အလိုက်ဖြစ်စေ Filter လုပ်ရှာဖို့လည်း အသုံးဝင်ပါသေးတယ်။

Checklist

တတိယမြောက် ‘Checklist’ ကတော့ လုပ်ရမယ့် အရာတွေ၊ အမျိုးအစားတွေကို checkbox လေးတွေ နဲ့ ပြပေးတဲ့ အတွက် ပြီးပြီ၊မပြီးသေးဘူး ဆိုတာကို ရှင်းရှင်းလင်းလင်း ဖြစ်စေပါတယ်။

Due Date

စတုတ္ထမြောက် ‘DueDate’ ကတော့ ဒီ Card ကို ဘယ်အချိန်မှာ အပြီးဖြစ်ရမယ်ဆိုတဲ့ သတ်တမ်းရက် သတ်မှတ်တာပါ။ သက်တမ်းကုန်ခါနီးရင် Alarm ပြပေးတဲ့အပြင် နောင်တချိန်မှာ ဘယ်အချိန်အတွင်း ကိုယ် အပြီးလုပ်ခဲ့တယ် ဆိုတာကိုလဲ ပြန်ကြည့်လို့ရပါတယ်။

Attachments

ပဥ္စမမြောက် ‘Attachment’ ကတော့ ဒီ Card အတွက် အခြား လိုအပ်တဲ့ Material (image,doc,video,etc) တွေကို တွဲထည့်တာပါ။

Power-Up

နောက်ထပ် ထပ်တွေ့ရမယ့် Power-Up ဆိုတာကတော့ Trello ကို ကျွန်တော်တို့ အသုံးပြုနေစဥ် မှာ ပိုပြီး ထိရောက်အောင် ၊ လွယ်ကူအောင် ကူညီပေးနိုင်တဲ့ Tool တွေ ပါ ။ သို့ပေမယ့် သာမာန် အသုံးပြုသူအတွက် Power-Up တခုထဲသာ အသုံးပြုခွင့်ပေးထားတာမို့ (Power-Up တခု ထက် ပိုအသုံးပြုချင်ရင် Premium Version ဝယ်သုံးရမှာပါ။) ဒီ Power-Ups အကြောင်း ၊ သုံးလို့ ရတဲ့ ပုံစံတွေကို ယခု ခေတ္တချန်လှပ်ထားခဲ့ပါမယ်။

Move/Copy/Watch

Move , Copy ဆိုတာတွေကတော့ ဒီ Card ကို ရွေ့ဖို့ ၊ မိတ္တူပွားဖို့ စသဖြင့် သုံးပါတယ်။
Watch ကတော့ အရေးကြီးတယ်ဗျ ။ အဲဒီ Watch ကို click နှိပ်ပီး သတ်မှတ်ထားမှသာ ဒီ Card နဲ့ ပတ်သတ်ပြီး တခုခု ပြောင်းလဲတာတွေ ၊ ထပ်ထည့်တာမျိုးတွေ ရှိရင် ကိုယ့်ဆီကို Notification အနေနဲ့ ပြပေးမှာပါ ။

Archive / Share

Archive ကတော့ ဒီ Card ကို ပိတ်သိမ်းချင်တာမျိုး မှာ သုံးပါတယ်။ Trello မှာ Delete function မရှိတဲ့ အတွက် ကျွန်တော်တို့ သတ်မှတ်ပြီးသွားတဲ့ ၊ သတ်တမ်းကုန်သွားတဲ့ ၊ အပြီးအပိုင် ဖျက်ပလိုက်ချင်တဲ့ Card တွေ List တွေကို Achive Items အနေနဲ့ပဲ ဖယ်ထုတ်ရမှာပါ ။ ဒီ Achive လုပ်ခဲ့တာတွေကို ပြန်ကြည့်ချင်ရင် Menu > More > Achived Items ဆိုတာကို နှိပ်ပြီး ပြန်ရှာကြည့်လို့ရပါတယ်။
Share ကတော့ ဒီ card ကို Print ထုတ်ချင်တဲ့အခါ ၊ ချိတ်ဆက်ချင်တဲ့အခါမျိုးတွေမှာ အသုံးဝင်ပါတယ်။ Trello မှာ Card တွေ တခု နဲ့ တခု ဆက်စပ်နေကြောင်း ပြချင်ရင် Share > Link ကို သုံးပါတယ်။

Menu

ပုံ(၇)

Board တိုင်းရဲ့ ညာဘက်မှာ Menu ဆိုပီး ဖေါ်လို့ ရပါတယ်။ ဖျောက်ထားမိတယ်ဆိုရင် Show Menu ဆိုတဲ့ button လေး ပြနေမှာပါ ။ Menu မှာက Board ရဲ့ setting အားလုံး ကို ဖော်ပြပေးထားတာမို့ သေချာသိထားဖို့ လိုအပ်ပါတယ်။

About This Board ကတော့ ဒီ board အကြောင်းကို ဖော်ပြလို့ ရတဲ့ နေရာပါ ။

Change Background ကတော့ board တွေကို ဒီဇိုင်းလှလှ ဆင်ဖို့ပါ ။

Filter Cards ကတော့ ခွဲခြားသတ်မှတ်ထားတဲ့ board တွေကို သူ့ filter အလိုက် ရွေးချယ်ကြည့်ရှုလို့ရပါတယ်။ အထက်မှာပြောသွားသလိုပဲ filter ကနေ တဆင့် label တွေကို ရွေးကြည့်တာမျိုး၊​ကိုယ် assign လုပ်ထားတဲ့သူတွေကို ပဲရွေးကြည့်တာမျိုး စတာတွေ လုပ်လို့ရပါတယ်။

Sticker ကလဲ အလှဆင်တဲ့ နေရာမှာ သုံးဖို့ပါ ။

နောက်တဆင့် More ဆိုတာကို နှိပ်ကြည့်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတဲ့ အရေးကြီးတဲ့ Function တွေ ဖြစ်တဲ့ ကိုယ် Archieve လုပ်လိုက်တဲ့ item တွေကို ပြန်ယူချင်တာပဲ ဖြစ်ဖြစ် ၊ အပြီးအပိုင် ဖျက်ပလိုက်ချင်တာပဲ ဖြစ်ဖြစ် Archieved Items ဆိုတဲ့ setting ထဲကနေ ဝင်လုပ်လို့ရပါတယ်။ Switch to Lists ဆိုရင်တော့ Archieved လုပ်လိုက်တဲ့ List စာရင်းကို ပြမှာပါ ။
နောက်အရေးကြီးတဲ့ setting တခုကတော့ Close Board ဖြစ်ပါတယ် ။ ကျွန်တော်တို့ ရဲ့ Board တွေကို ဘယ်လို ဖွင့်ရမလဲ သိထားသလို ဘယ်လို ပိတ်ရမယ် ဆိုတာလဲ သိထားဖို့လိုတာပေါ့ ။

ပုံ(၈)

ပုံ(၈) မှာ ပြထားတာကတော့ Close Board ကို နှိပ်လိုက်မယ် ဆို မြင်ရမယ့် မြင်ကွင်း ဖြစ်ပါတယ်။ အပြီးအပိုင် လုံးဝ ပြန်ယူလို့ မရတော့အောင် ဖျက်ချင်တယ်ဆိုရင်တော့ Permanently Delete Board.. ဆိုတာကို ရွေးလို့ရပါတယ်။ သတိထားဖို့က အဲလို အပြီးအပိုင် ဖျက်ပလိုက်ပီးပီဆိုရင် ဘယ်လိုနည်းနဲ့မှ ပြန်ယူလို့မရတော့ဘူး ဆိုတာကိုပါ ။
ဒီအတိုင်း သာမာန်ပိတ်ထားလိုက်တဲ့ Board တွေကို ပုံ(၉) မှာ ဖော်ပြထားတဲ့ Board menu > အောက်ဆုံးနားအထိ slide bar ဆွဲချလိုက်ရင် တွေ့ရမယ့် See closed boards … ဆိုတာမှာ ပြန်ပီးကြည့်လို့ရသလို ပြန်ဖွင့်လို့လဲ ရပါတယ်။ အဲဒီမှာ ထပ်တွေ့ရမယ့် delete ကို နှိပ်မယ်ဆိုရင်လဲ အပြီးအပိုင် ဖျက်လိုက်တဲ့ သဘောပါပဲ။

ပုံ(၉)

Menu အကြောင်း ပြန်ပြောရမယ် ဆိုရင် နောက်ဆုံး ပြော ပြ ဖို့ပဲ ကျန်တော့တာက ပုံ(၇) ညာဘက်ထောင့် အောက်ဆုံးက Activity ဖြစ်ပါတယ်။ Activity အောက်မှာ Board နဲ့ပတ်သတ်ပြီး အထဲ Card တွေ ရဲ့ ပြောင်းလဲမှု အရာအားလုံး ကို ဘယ်သူ ၊ ဘာလုပ်ခဲ့တယ် ဆိုတာ ဖော်ပြထားမှာ ဖြစ်ပါတယ်။

ဒါဆိုရင်တော့ Trello ကို ဘယ်လို အသုံးပြုရမယ် ဆိုတာ အကြမ်းဖျဥ်းနားလည်သွားဖို့ မျှော်လင့်ပါတယ်။ နောက်ထပ် အသုံးဝင်မယ့် Trello Secret Tips တွေကိုတော့ နောက်ပိုစ့်တခုအနေနဲ့ ထပ်ရေးပေးပါမယ်ခင်ဗျာ။

Scroll to top