Raspberry Pi 4 အကြောင်း

ဇွန်လ ၂၄ ရက်နေ့က စတင် မိတ်ဆက်လိုက်တဲ့ Raspberry Pi 4 အကြောင်းက လတ်တလော နည်းပညာအသိုင်းအဝိုင်း မှာ ရေပန်းစားတဲ့ topic ဖြစ်နေပါတယ်။ Raspberry Pi 3 ကို ထုတ်ဝေပီးနောက် ၁ နှစ် နဲ့ ၃ လ အကြာမှ ထုတ်ဝေတဲ့ ဒီ Pi 4 က အသွင်သဏ္ဍာန်အားဖြင့် Pi 3 နဲ့ တူပေမယ့် အရာရာကို အဆင့်မြင့်ထားပါတယ်။ ပိုမြန်တဲ့ Integrated Circuit ကို အသုံးပြုလာတယ်။ အခု Processor မှာဆိုရင် Cortex-A72 architecture ကို အသုံးပြုထားတာပါ။ (Cortex-A72 ဆိုတာ ARM version 8 အမျိုးအစားဖြစ်ပြီး Pi3 မှာ အသုံးပြုထားတဲ့ Cortex-A53 နဲ့ ယှဥ်မယ်ဆိုရင် ၂၀ ရာခိုင်နှုန်း ပါဝါစားသက်သာအောင် ၊ ၉၀ ရာခိုင်နှုန်း performance ပိုကောင်းအောင် ပြုလုပ်ထားပါတယ်။) အားလုံးသိကြတဲ့ Raspberry Pi က RAM(Random Access Memory) 512MB (သို့) 1GB အဆင့်မှာ နှစ်အတော်ကြာ ရပ်နေခဲ့တယ်။ ဒီတကြိမ်မှာတော့ ပထမဆုံးအနေနဲ့ ကိုယ် လိုချင်တဲ့ Memory အလိုက် လိုချင်တဲ့ Model အမျိုးအစားကို ရွေးချယ်ဝယ်ယူခွင့် ရပါပြီ ။ အခြေခံအားဖြင့် 1GB RAM နဲ့စပြီး ဈေးနှုန်းအားဖြင့် ၃၅ ဒေါ်လာက စပါတယ်။ ဒါအပြင် သင့်အနေနဲ့ 2GB RAM (သို့) 4GB RAM ရှိတဲ့ model အမျိုးအစားတွေကိုလဲ ရွေးချယ် ဝယ်ယူလို့ရပါသေးတယ်။ ဈေးနှုန်းနှိုင်းယှဥ်ချက် ကို အောက်မှာ ဖော်ပြပေးထားပါတယ်။

Raw memory ရဲ့ လုပ်နိုင်စွမ်းကို တိုးမြင့်ဖို့အတွက် memory transfer speed ကို ပိုမြန်အောင် Low-Power DDR2 ကနေ Low-Power DDR4 ကို ပြောင်းလဲ အသုံးပြုထားပါတယ်။

Raspberry Pi 4 ရဲ့ အသစ်ပြောင်းလဲမှုများ

Power

အရင်က USB micro-B type ကို အသုံးပြုခဲ့ရာကနေ အခု USB-C type ကို power connector အဖြစ် ပြောင်းလဲအသုံးပြုထားပါတယ်။

Video

အရင်က (full-size) type-A HDMI ကို အသုံးပြုတဲ့နေရာမှာ (micro) type-D HDMI port ၂ ခုကို ထည့်သွင်းပေးထားပါတယ်။

Ethernet & USB

Ethernet port ကတော့ တပ်ဆင်ထားတဲ့ နေရာပဲ ပြောင်းလဲထားတာပါ။ USB 3.0 ၂ ပေါက် နဲ့ USB 2.0 ၂ ပေါက် တပ်ဆင်ထားပါတယ်။

OS

Raspberry Pi 4 အတွက် Operating System အသစ်တခု ဖြစ်တဲ့ Debian 10 Buster ကိုလဲ ဖြန့်ဝေထားပြီး ဖြစ်ပါတယ်။
OS အသစ် ကို အသုံးပြုမယ်ဆိုရင်တော့ SD card အတွင်း ရှိပြီးသား OS ကို upgrade လုပ်တာထက် Image ကို download ရယူပီး ထည့်သွင်းအသုံးပြုရင် ပိုကောင်းမယ်လို့ ဆိုထားပါတယ်။

raspberrypi.org မှာ ဖော်ပြထားတဲ့ အချက်အလက်အချို့ ကို ပုံမှာ ကြည့်နိုင်ပါတယ်။

နှိုင်းယှဥ်ချက်

Processor တွေ၊ အခြားလုပ်ဆောင်ချက်တွေ ခန မေ့ထားပီး အခု လူပြောများနေတဲ့ 4GB RAM ဆိုတဲ့ specification ကို အဓိကအခြေခံပြီးတော့ပဲ အခြားသော controller တွေနဲ့ နှိုင်းယှဥ်ကြည့်ပါမယ်။ ဈေးကွက်ထဲမှာ 4GB RAM နဲ့ လာတဲ့ controller များများစားစား မရှိပါဘူး။

Nvidia Jetson Nano Developer Kit

၂၀၁၉ ခုနှစ်ထဲမှာပဲ Nvidia က ထုတ်တဲ့ ဒီ Jetson Nano ကလဲ စွမ်းဆောင်ရည်မြင့်တဲ့ ကွန်ပျူတာအသေးစားလေးပါပဲ ။ AI အတွက် အဓိက ထုတ်ထားတဲ့ Jetson Nano ရဲ့ specification တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • CPU: Quad-core ARM A57 @ 1.43 GHz
  • GPU: 128-core Maxwell
  • RAM: 4 GB 64-bit LPDDR4 25.6 GB/s
  • Display: HDMI 2.0
  • 4 x USB 3.0 and eDP 1.4

အရည်အသွေးအရ Raspberry Pi 4 ထက်တောင် ပိုသာကောင်းသာနိုင်ပေမယ့် ဒီ Jetson Nano ရဲ့ တန်ဖိုးက $99 ဆိုတော့ Raspberry Pi 4 ထက်ယှဥ်ရင် ဈေးကြီးနေပါသေးတယ်။

Banana Pi M3

Raspberry Pi 3 နဲ့ ယှဥ်ရင် အစားထိုးအနေနဲ့ သုံးပျော်ခဲ့တဲ့ Banana Pi ကလဲ အခု Raspberry Pi 4 နဲ့ ယှဥ်မယ်ဆိုရင်တော့ ဈေးအနည်းငယ် ပိုကြီးနေတဲ့ အပြင် $68 တန်ဖိုးရှိ BPi – M3 ရဲ့ specification တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

  • Allwinner A83T Octa-core 1.8GHz Powerful CPU.
  • 2 GB LPDDR3 memory.
  • 8 GB eMMC storage.
  • HDMI out
  • CSI Camera interface
  • WiFi & Bluetooth onboard.

Raspberry Pi 3

Raspberry Pi Version အဟောင်းနဲ့ အသစ်ကြားက ကွာခြားချက်တွေကိုလဲ ရှင်းရှင်းလင်းလင်းဖြစ်အောင် အောက်မှာ ဖော်ပြထားပါတယ်။

FeaturesRaspberry Pi 4Raspberry Pi 3
SoCBroadcom BCM2711
quad-core Cortex-A72 @ 1.5 GHz
Broadcom BCM2837B0
quad-core Cortex-A53 @ 1.4 GHz
GPUVideoCore VI with OpenGL ES 1.1, 2.0, 3.0VideoCore IV with OpenGL ES 1.1, 2.0
Video & Audio Output2x micro HDMI ports up to 4Kp60
3.5mm AV port (composite + audio)
MIPI DSI connector
1x HDMI 1.4 port up to 1080p60
3.5mm AV port (composite + audio)
MIPI DSI connector
Price$35 (1GB RAM), $45 (2GB RAM), $55 (4GB RAM)$35 (1GB RAM)

References

Scroll to top