Getting direct links from Google Drive

Google Drive မှာတင်ထားတဲ့ပုံတွေကနေ တိုက်ရိုက် လင့်ယူပြီး အခြားနေရာမှာပြန်ပြတဲ့နည်းပါ

Google Drive ထဲမှာ ယခင်က ဖိုင်တွေကို တိုက်ရိုက် host လို့ရပါတယ်။​ဆိုလိုချင်တာက ဓာတ်ပုံတစ်ခုကို အခြားတစ်နေရာမှာ ပြန်ပြဖို့အတွက် အင်တာနက်ပေါ်မှာရှိတဲ့ တနေရာရာမှာ သိမ်းဖို့လိုတယ်။ဥပမာ Facebook မှာ Friend Only တင်ထားတဲ့ ပုံကို အခြား တနေရာကနေ Link နဲ့ပြန်ခေါ်သုံးလို့မရဘူး။ ပြီးတော့ Viber တို့ဘာတို့မှာတင်ထားတာတွေကိုလည်း ပုံLinkဆိုပြီးပြန်ယူလို့မရဘူး။ တစ်ခါတစ်လေ ကိုယ်တင်ချင်တာကပုံတွေအများကြီး အဲဒီတွေသိမ်းထားဖို့အတွက် နေရာရှာရတာဒုက္ခရောက်တယ်။ Google Drive လိုဖိုဒါမျိုးမှာသိမ်းပြီး Link လေးနဲ့ ပုံတိုက်ရိုက်ပြလို့ရအောင် ဆိုရင်အကောင်းဆုံးပေါ့။ ဖြစ်ချင်တော့ Google Drive မှာ သူ့ပုံတွေကို အခြားတနေရာမှာ ပြန်ပြဖို့ function မပေးထားဘူး။​ ဒေါင်းလုဒ်လင့်လိုမျိုး၊ ဒါမှမဟုတ် Drive ထဲမှာ လာကြည့်ရတာမျိုးပဲ ရအောင်လုပ်ထားတယ်။ဒါကို ကျနော်တို့လိုချင်တဲ့ပုံစံရအောင် ပြင်လို့ရတယ်။

ခက်ခက်ခဲခဲလည်းမဟုတ်ဘူး.

  • ပုံတစ်ခုကို Google Drive ထဲတင်လိုက်တယ်။
  • ပြီးတော့ Get Shareable Link ကိုရတယ်.

အဲဒီလင့်ကိုပြန်ပြင်ဖို့လိုတယ် ရတဲ့လင့်က

https://drive.google.com/open?id=YOUR_FILE_ID ဆိုပါစို့။

YOUR_FILE_ID နေရာမှာတော့ နံပတ်တွေလာမှာနော်။​ တကယ်တမ်းက အဲဒီလိုစာကြီးမပေါ်ဘူး။ အဲဒီလင့်ကို ဒါမျိုးဖြစ်အောင်ပြောင်းဖို့လိုတယ်။https://drive.google.com/uc?export=view&id=YOUR_FILE_ID

အဲဒီအသစ်ပြောင်းလိုက်တဲ့လင့်ကို ယူသုံးရင် ပုံတွေကို အခြားတနေရာရာကနေ တိုက်ရိုက်ခေါ်ပြလို့ရပါပြီ။​ 

Follow me

Arthur Chan

Technical Expert at Phandeeyar
ဆေးမကုပဲ အိုင်တီလုပ်နေတဲ့ ဆရာဝန်
Arthur Chan
Follow me

Leave a Reply

Your email address will not be published. Required fields are marked *

Scroll to top