1. Home
  2. Docs
  3. Productivity Tools
  4. Slack
  5. Secret Tips

Secret Tips

Slack သုံးရမှာ အသုံးဝင်တဲ့ feature တွေကို တနေရာထဲမှာ စုပေးထားချင်လို့ပါ။

Star Anything

Slack ရဲ့ function တခုဖြစ်တဲ့ Start function က ရိုးရှင်းပြီး အသုံးဝင်တဲ့ function တခု ဖြစ်ပါတယ်။ ကိုယ် မကြာခန အသုံးပြုရတဲ့ Channel တွေကို ဖြစ်စေ ၊ အရေးကြီးတဲ့ message ၊ file ဖြစ်စေ မှတ်သားလိုတဲ့ အရာအားလုံးကို star လုပ်ထားရုံ နဲ့ ကိုယ် လိုအပ်တဲ့ အခါ ညာဘက်ထောင့် အပေါ်နားမှာ ရှိတဲ့ star ပုံ item လေး ကို နှိပ်လိုက်ပြီး starred item list ထဲမှာ ပြန်ရှာကြည့်လို့ရပါတယ်။ (channel တွေကို star ပေးထားရင်တော့ Starred ဆိုပြီး list တခု အသစ် ပေါ်လာမှာပါ။ ) မလိုအပ်တော့တဲ့ အခါမှာလဲ အဲဒီ Starred Items list ထဲမှာ ကိုယ် remove လုပ်ချင်တဲ့ item ကို ထောက်ကြည့်ရင် ပေါ်လာမယ့် unstar this … ကို နှိပ်ပီး ဖယ်ရှားလို့ရပါတယ်။

Check Activity

ကိုယ့်ကို mention ခေါ်ထားတာတွေ ၊ ကိုယ်ပို့ထားတဲ့ အရာတွေကို reaction ပေးထားတာမျိုးကို တနေရာထဲမှာ ပြန်စုကြည့်လို့ရတာကလဲ Slack ရဲ့ အားသာချက်တခုပါ ။ အဲဒီအတွက် လဲ ညာဘက်အပေါ်ထောင့်နားမှာ ရှိတဲ့ (star ဘေးနားက) @ symbol sign လေး ကို လွယ်ကူစွာ နှိပ်ကြည့်လိုက်လို့ရပါတယ်။ (btw, slack မှာ mention ခေါ်ချင်ရင် facebook မှာလိုမျိုးပဲ @name လို့ ခေါ်ယုံပါပဲ)

Check All Unreads

နောက်ပြီးတော့ channel တွေတိုင်းမှာ နေ့စဥ် အချိန်တိုင်း ပို့နေတဲ့ message တွေအားလုံးကို ကိုယ် မဖတ်ဖြစ်လိုက်တဲ့ အခါမှာလဲ အလွယ်တကူ ပြန်ရှာလို့ ရတဲ့ function က Slack မှာ ပါပါတယ်။

Notifications

နောက်ပြီး Slack ကို browser ကနေ သုံးရုံသာမက Desktop application , Mobile (iOS,Android) application တွေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ ဒီလို different version တွေကို အသုံးပြုတဲ့အခါမှာ ဖုန်းမှာ ဖြစ်စေ ၊ PC မှာ ဖြစ်စေ slack message notification တွေ အမြဲတက်မလာစေဖို့အတွက်လဲ လိုအပ်သလို notification ရရှိမှုကို ချိန်ညှိလို့ရပါတယ်။ အဲဒီအတွက် ဘယ်ဖက် အပေါ်ထောင့်မှာ ရှိတဲ့ File > Preference ကနေ တဆင့် notification ရရှိမှုကို ပြုပြင်လို့ရပါတယ်။