1. Home
  2. Docs
  3. Google Toolkit
  4. Google Drive Basic
  5. What is Cloud?

What is Cloud?

cloud technology

တိမ်တိုက် ကွန်ပျူတာ (အင်္ဂလိပ်cloud computing) ဆိုသည်မှာ သိုလှောင်မှု၊ တွက်ချက်မှု နှင့် အသုံးချမှု စွမ်းအား ကွန်ပျူတာ အရင်းအမြစ် (အင်္ဂလိပ်system resources) များကို လူကိုယ်တိုင် တိုက်ရိုက် စီမံခန့်ခွဲရန် မလိုအပ်ဘဲ လိုအပ်လျှင် လိုအပ်သလို အလိုအလျှောက် ပေးစွမ်းနိုင်သော ကွန်ပျူတာစနစ် ဖြစ်သည်။ အင်တာနက် ပေါ်မှ လူအများသုံး နိုင်သော အချက်အလက် သိုမှီးရာ ဗဟို ဌာနကြီးများကို ရည်ညွန်းရာ တွင် တိမ်တိုက် ကွန်ပျူတာ ဟု ရည်ညွန်း သုံးနှုံးလေ့ရှိသည်။[၁][၂]

အလွန်ကြီးမားသော တိမ်တိုက် ကွန်ပျူတာ စနစ်ကြီးများကို  ကမ္ဘာ့ နေရာအနှံ့ တွင်  ဗဟိုဌာနများ ဖြန့်ခွဲ ထားရှိလေ့ရှိသည်။[၂]

လုပ်ငန်းဌာန တစ်ခုအတွက် ကန့်သတ် တည်ထောင်ထားသော တိမ်တိုက် ကွန်ပျူတာ စနစ် ကို လုပ်ငန်းသုံးတိမ်တိုက် (အင်္ဂလိပ်enterprise cloud)၊  လုပ်ငန်းဌာန အများအပြား အသုံးပြု နိုင်သော တိမ်တိုက် ကွန်ပျူတာ စနစ် ကို လူထုတိမ်တိုက် (အင်္ဂလိပ်public cloud) ဟု ခေါ်ဆိုကြသည်။ ထို တိမ်တိုက်စနစ် နှစ်မျိုး စလုံး အသုံးချနိုင်သော စနစ်ကို ပေါင်းစပ်တိမ်တိုက်  (အင်္ဂလိပ်hybrid cloud) ဟု ခေါ်ဆိုသည်။

ကမ္ဘာ့ အကြီးမားဆုံး တိမ်တိုက် ကွန်ပျူတာ စနစ်မှာ အမေဇုံ ၏ Amazon AWS ဖြစ်သည်။

တိမ်တိုက် ကွန်ပျူတာစနစ်၏ အဓိက အားသာချက် များမှာ

  • အသုံးပြုသူများ အတွက် စနစ်တစ်ခုစတင် တည်ထောင်ရန် ကုန်ကျစရိတ် နဲခြင်း
  • စနစ် ကို ပေါ့ပါး သွက်လက်စွာ ပြောင်းလဲနိုင်ခြင်း
  • စနစ်ကြီးမား ပါက ပို၍ စရိတ် သက်သာခြင်း
  • ထိန်းသိမ်း စရိတ် သက်သာခြင်း
  • ကွန်ပျူတာ အရင်းအမြစ် လိုအပ်ချက် များကို ကြိုတင်ခန့်မှန်းရန် မလိုခြင်း နှင့်
  • ကွန်ပျူတာ စနစ် တစ်ခုကို ကမ္ဘာအနှံ့ အလွန်လျင်မြန်စွာ ဖြန့်ကျက် ချထား နိုင်ခြင်း တို့ ဖြစ်သည်။

Google Drive တွင် Google မှ ထောက်ပံ့ပေးထားသော သိုလှောင်စနစ်နှင့် အခြားသော ရုံးလုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်သည့် toolများပါဝင်သည်။ အားသာချက်မှာ မြန်မာနိုင်ငံသားအများစု အသုံးပြုနေသည့် Gmailဖြင့် Google Doc, Google Sheet, Calendar, Slide စသည့် ဝန်ဆောင်မှုများကို အလွယ်တကူအခမဲ့ ရယူအသုံးပြုနိုင်ခြင်းဖြစ်သည်။​

ထိုသို့ လုပ်ဆောင်ရန်အတွက် အဓိက လိုအပ်ချက်မှာ Google Account နှင့် အင်တာနက်ဖြစ်သည်။​ Google drive ကို မိမိ၏ အရေးကြီး ကိုယ်ရေးကိုယ်တာဖိုင်များ သိမ်းသည့်နေရာအဖြစ် ထား၍ ရသကဲ့သို့ မိမိ အလုပ်လုပ်ရာ ရုံးစားပွဲအဖြစ်လည်း အသုံးပြုနိုင်သည်။ အဓိက အားသာချက်မှ ဖိုင်များအားလုံး အင်တာနက် Cloud ပေါ်တွင်ရှိသည့်အတွက် မိမိ ကွန်ပျူတာ ပျောက်သွား၊​ပျက်သွားလျှင်တောင် မိမိ၏ စာရွက်စာတမ်းများ က Google Drive ထဲတွင် လုံလုံခြုံခြုံ ရှိနေလိမ့်မည်။​ ရောက်သည့်နေရာ တွင် ၊​ကွန်ပျူတာ(သို့) ဖုန်းတစ်လုံးမှနေ၍ မိမိGoogle အကောင့်ကိုဝင်၍​Drive ထဲဝင်ရုံဖြင့် လုပ်လက်စအလုပ်များကို ဆက်လုပ်နေနိုင်သည်။​ Microsoft word, Microsoft excel, powerpoint တို့သုံးသကဲ့သို့ Google doc, sheet, slide တို့ကိုလည်း သုံးနိုင်သည်။ Cloud service တစ်မျိုးဖြစ်သည်။​

အလားတူ service မျိုးကို Microsoft 360 တွင်လည်း ရရှိနိုင်သည်။​

ref: my.wikipedia.org

Tags , ,