1. Home
  2. Docs
  3. Google Toolkit
  4. Google Drive Basic
  5. Managing Files/Folders

Managing Files/Folders

ဖိုင်များ Upload တင်ခြင်း

  • မိမိupload ပြုလုပ်လိုသောဖိုင်ကို တိုက်ရိုက် Drag and Drop ပြုလုပ်၍ upload တင်နိုင်ပါသည်
  • သို့မဟုတ် New ဆိုသော အပြာရောင်boxကို နှိပ်၍ ဖိုင် သို့မဟုတ် ဖိုဒါများကို တင်နိုင်ပါသည်
Drive New.png

ဖိုဒါဖန်တီးခြင်း

ဖိုဒါ အသစ် တစ်ခုကို ဖန်တီးဖို့အတွက် New  ထဲကနေ New Folder ကိုရွေးလိုက်ပါ။ ဒါက မိမိကွန်ပျူတာထဲမှာ ဖိုဒါအသစ်ဆောက်တာနဲ့တူတူပါပဲ။ ကွာတာကတော့ အခုဖန်တီးလိုက်တဲ့ ဖိုဒါတွေကို အခြားသူများနဲ့ မျှဝေအသုံးပြုလို့ရတာပါပဲ။

New Folder 3.png
New Folder 3.png

ဖိုင်များဖန်တီးခြင်း

Google-Drive-store-any-file.png
Google DriveMicrosoft Office 
Google DocsMs Word
Google SheetMs Excel
Google SlideMs PowerPoint

အတော်များများက မိုက်ခရိုဆော့ဖ် ဝဒ် တို့ မိုက်ခရိုဆော့် အိတ်ဇဲတို့ ပါဝါပွိုင့်တို့နဲ့ ရင်းနှိးကြီးပါတယ်။ Google မှာတော့ Google Docs, Google Sheet ,Google Slide လို့ခေါ်ပါတယ်။ လုပ်ဆောင်ချက်က မိုက်ခရိုဆော့ဖ် Office နဲ့တူတူပါပဲ။ ဒီ Google ဖိုင်တွေကို ဖန်တီးဖို့အတွက် အပေါ်မှာပြထားတဲ့ ပုံထဲက New ကိုနှိပ်ပြီး Google Docs , Sheet စသဖြင့် ရွေးလိုက်ရင် ရပါတယ်။

အောက်မှာဖော်ပြထားတာကတော့ ဖန်တီးလို့ရလာတဲ့ နမူနာပုံစံတွေဖြစ်ပါတယ်။

Google Docs Sample.png
Google Doc interface
Google sheet sample.png
Google Sheet Interface
Google Slide Sample.png
Google Slide Interface

ဖိုင်များကိုနေရာရွှေ့ခြင်း

moving files

တင်ထားသောဖိုင်ကို ဖိုဒါတစ်ခုမှတစ်ခုရွှေ့ဖို့အတွက် Move to ကိုသုံးနိုင်ပါတယ်၊ အခု Totoro ပုံလေးကို Untitled Folder ထဲကိုပြောင်းထည့်ပြထားပါတယ်။

ဖိုင်၊ဖိုဒါများကို မျှဝေခြင်း

ဖိုင်ကို မျှဝေခြင်း (သို့မဟုတ်) မိမိတင်ထား​သောဖိုင်၊ဖိုဒါကို အခြားသူရယူနိုင်ရန်၊ ပြင်ဆင်နိုင်ရန်ပြုလုပ်ခြင်း ။ မိမိ ဖန်တီးထားတဲ့ ဖိုဒါ၊ ဖိုင်တွေကို အခြားသူတစ်ဦးနဲ့ မျှ ဝေလို့ရပါတယ် ။​

ဒီလိုမျှဝေရာမှာ နည်းလမ်းနှစ်မျိုးရှိပါတယ်။​တစ်ခုကတော့ လင့်ခ်ပေးပြီး မျှဝေခြင်းပါ။​နောက်တစ်ခုကတော့ အီးမေးလ် အကောင့်ထည့်ပြီး invite လုပ်ခြင်းပါ။​ အခုအချိန်အထိတော့ မိမိဖန်တီးထားတဲ့ ဖိုင်ကို အခြားသူတွေ မြင်ခွင့်ပေးမပေး ဆိုတာ ဆုံးဖြတ်တဲ့အဆင့်ပဲရှိပါသေးတယ်။​ နောက်တဆင့်ကျရင်တော့ ဒီဖိုင်ကို မြင်တဲ့သူတွေက ဖိုင်ကိုကြည့်ခွင့်ပဲရှိမှာလား၊​comment ရေးပေးလို့ရမှာလား၊ ဒါမှမဟုတ် ၊​ဝင်ပြင်ရေးလို့ရမှာလားဆိုပြီး ခွင့်ပြုမယ့် access တွေရှိပါသေးတယ်။​ နောက်ထပ်ခေါင်းစဉ်ကိုထပ်ဖတ်ရမှာပါ။​

မျှဝေနိုင်သည့်အမျိုးအစား(Sharing Type)

  1. ဖိုင်၊ဖိုဒါရဲ့ Link ကို ရယူ၍ linkရှိသူတိုင်းဖတ်ရှု ပြင်ဆင်နိုင်ရန်ပြုလုပ်ခြင်း (Share with others)
  2. Email ဖြင့်တစ်ဦးချင်းဖိတ်ခေါ်မျှဝေခြင်း(Enter name or email address)
Sharing files or folders
public link sharing.png
Link sharing types

ဒီဟာကတော့ မိမိရဲ့ဖိုင်ကို မည်သူတွေ မြင်ခွင့်ရှိမလဲ ဆိုတာကို သတ်မှတ်ပေးတာပါ။

get sharable link.png
Access Sharing Types

ဒါကတော့ မိမိဖိုင်ကို မြင်ရတဲ့သူတွေက ဘာလုပ်ခွင့်ရှိမလဲသတ်မှတ်ပေးတာပါ။

သတိပြုရမှာကတော့ တစ်ခါတစ်လေ ကျရင် ဖိုဒါတစ်ခုကို အခြားသူတွေနဲ့ မျှဝေထားတာမျိုး ၊ဒါမှမဟုတ် Pubic ပြုလုပ်ထားတာမျိုးရှိတတ်ပါတယ်။​အဲဒီလိုအခါကျရင် သူ့ဆီမှာရှိတဲ့ ဖိုင်တွေကလည်း အလိုအလျောက် အများနဲ့ မျှဝေထားပြီးသားဖြစ်သွားတတ်ပါတယ်။ ဖိုင်အသစ်ဖန်တီးရင်တောင်မှ အဲဒီ ဖိုဒါထဲမှာပဲ​ ဖြစ်နေတယ်ဆိုရင် သူများတွေက လည်း မြင်နေရပါလိမ့်မယ် ။ ဒါကြောင့် မိမိရဲ့ အရေးကြီး ၊လျှို့ဝှက်ဖိုင်များကို မိမိတစ်ယောက်တည်းသာ မြင်ရတာ သေချာရဲ့လားဆိုတာ အပေါ်က ပြတဲ့နေရာမှာ Off (သို့မဟုတ်) Share with specific people ဟုတ်မဟုတ် ဆိုတာ ကြည့်ရှုနိုင်ပါတယ်။