Wire
- ကျွန်ုပ်တို့နေ့စဉ်နဲ့အမှျ မက်ဆေ့ခ်ျ တွေ ဖုန်းခေါ်ခြင်းတွေနဲ့ ဆက်သွယ်နေကျတာအမှန်ပါပဲ ဆက်သွယ်ရေးလိုင်းတွေကောင်းလာတာနဲ့ အင်တာနက် လိုင်းတွေလဲအရင်ကထက်ပိုကောင်းလာတာကိုသတိထားမိကြမှာပါ
- နည်းပညာဖွံ့ဖြိုးတိုးတက်လာတာနှင့်အမျှ အင်တာနက်ကိုအသုံးပြုမူကလဲအချိန်နှင့်အမှျမြင့်တက်လာပါတယ်။
- အင်တာနက်ကိုအခြေခံပီး ဆိုရှယ်မီဒီယာတွေ Facebook, Messenger, Wechat, Viber စသည်တို့ကို အသုံးပြုမူကလဲမြင့်တက်လာပါတယ်။
- ကျွန်ုပ်တို့သိတဲ့အတိုင်း ဆိုရှယ်မီဒီယာ ကိုအသုံးပြုများလာတာနဲ့အမျှ user data ပေါက်ကြားမူကလဲ မကြာခဏ ဖြစ်နေတာအမှန်ပဲဖြစ်ပါတယ်။
- ကျွန်ုပ်တို့ ရဲ့မက်ဆေ့ခ်ျတွေ လုံခြုံဖို့ ဆိုရှယ်မီဒီယာအကောင့်တွေလုံခြုံဖို့လိုအပ်နေပါပီ။
- မက်ဆေ့ခ်ျတွေဟာ လုံခြုံဖို့လိုသလို encrypted (ဝှက်စာ) စနစ်ဖြစ်နေဖို့လဲလိုအပ်ပါသေးတယ်။
- အွန်လိုင်း Messenger (မက်ဆေ့ခ်ျဂျာ) တွေထဲမှာမှ လုံခြုံတဲ့ messengers လေးတစ်ခုရှိပါတယ်
Wire ဆိုတဲ့ application (အပ်ပလီကေးရှင်း) လေးပါ။
- Wire က end-to-end encrypted (ဝှက်စာစနစ်) အနေနဲ့သင့် Message တွေ ဖုန်းခေါ်မူတွေကိုလုံခြုံစေရန်ပြုလုပ်ပေးထားပါတယ်။
- Wire application ကို ဖုန်း၊ ကွန်ပြူတာ၊ ဒက်စ်တော့၊ ဝဘ် တွေမှာအသုံးပြုလို့ရပါတယ်။
- ဖုန်းနံပါတ် အသုံးမပြုရင်လဲရပါတယ် Email တစ်ခုခုနဲ့ အကောင့်အသစ်ရယူနိုင်ပါတယ်။
- အဓိက အရေးကြီးဆုံးတစ်ခုမှာ wire ရဲ့ server တွေကို Swissland, Germany, Ireland လိုနိုင်ငံတွေမှာ ထိန်းသိမ်းထားပါတယ်။
- Userdata တွေကိုကာကွယ်ဖို့ဆိုရင် အရေးကြီးတဲ့ မူဝါဒနဲ့ ဥပဒေ တွေရှိဖို့လိုပါတယ်
- Wire က ဆွစ်ဇလန်ဖက်ဒရယ်ဒေတာများကို ကာကွယ်ပေးချင်းအက်ဥပဒေနှင့် အပြင်းထန်ဆုံး data များကိုကာကွယ်ပေးတဲ့ မူဝါဒများနှင့်ကာကွယ်ပေးထားပါတယ်။
- Data protection လို့ပြောတာနဲ့ အဲ့ဒီနိုင်ငံမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးကိုပါ ကျန်ုပ်တို့ ထည့်သွင်းစဉ်းစားသင့်ပါတယ် ကျန်ုပ်တို့အသုံးပြုမည့် အရာတွေပေါ်မှာ ကာကွယ်ပေးထားတဲ့ မူဝါဒနဲ့ဥပဒေ တွေမရှိဘူးဆိုရင် လုံခြုံစိတ်ချမူရှိနိုင်လိမ့်မည်မဟုတ်ပါ။
- Wire ရဲ့ဒေတာကာကွယ်ခြင်း ဥပဒေအရ ကျန်တော်တို့ လုံခြုံစိတ်ချစွာအသုံးပြုနိုင်ပါတယ်
- Wire Application ကိုဘယ်မှာရယူနိုင်လဲ ?
Android အသုံးပြုသူတွေအတွက် wire application ကို Google Play Store မှာရယူနိုင်ပါတယ်
=> https://play.google.com/store/apps/details?id=com.wire
- IOS အသုံးပြုသူတွေအတွက် apple store မှာရယူနိုင်ပါတယ်။
Wire application ကိုအသုံးပြုဖို့အတွက် အကောင့်တစ်ခုရှိရန်တော့လိုအပ်ပါတယ် အကောင့် ဖောက်နည်းအဆင့်ဆင့်ကို အောက်ဖော်ပြပါပုံများအတိုင်း ပြုလုပ်နိုင်ပါတယ်။
- ဖုန်းနံပါတ် ဒါမှမဟုတ် Email မည်သည့် အရာနှင့် ဖွင့်သည်ဖြစ်စေ wire တွင် Confirmation code(အတည်ပြုသည့်ကုတ်) ထဲ့ဖို့လိုအပ်ပါတယ် ဖုန်းနံပါတ်နှင့် ဖွင့်တယ်ဆိုလှျင် မိမိအသုံးပြုသော
ဖုန်း၏ message box ထဲသို့ပို့သော ကုဒ်ကို ရိုက်ထဲ့ပေးရမည်ဖြစ်သည်။
- Email နှင့်ဖွင့်တယ်ဆိုရင် မိမိမေးထဲသို့ wire မှပို့လာသော ကုဒ်ကိုရိုက်ထဲ့ပေးရမည်ဖြစ်သည်။
- ပို့လာသော ကုဒ်များအား 10 မိနစ်အတွင်း ရိုက်ထဲ့ပေးရမှာဖြစ်ပါတယ်။
- အကောင့်ဖောက်ခြင်းအောင်မြင်ပီဆိုလှျင် လုံခြုံစိတ်ချစွာ စတင်အသုံးပြုလို့ရပါပီ
Wire မှာဘယ်လို Feature တွေပါသေးလဲ ??
- Wire မှာ Disappear message ပို့လို့ရပါသေးတယ်
- Disappear message ဆိုတာ ကိုယ်ပို့လိုက်တဲ့ မက်ဆေ့ခ်ျကို အချိန်အတိုင်းအတာတစ်ခုရောက်ရင် ပျက်သွားမယ်လို့ဆိုလိုတာပါ။
- ဥပမာ ကျွန်ုပ်က Hello ဆိုတဲ့စာတန်းလေးတစ်ခုကို 10 စက္ကန့် ဆိုတဲ့ disappear အနေနဲ့ထားလိုက်မယ်
ဆိုရင် ထို မက်ဆေ့ချ် ဟာ 10 စက္ကန့်အတွင်း ပျက်သွားမှာဖြစ်ပါတယ်။
Wire မှာတစ်ခြား feature တွေပါဝင်ပါသေးတယ်
- Video call တွေ ခေါ်လို့ရပါတယ် phone call (ဖုန်း) တွေခေါ်လို့ရပါသေးတယ်။
- အရေးကြီးဆုံးတစ်ချက်ကတော့ end-to-end encrypted လုပ်ပေးထားတာပါပဲ။
- ကျွန်ုတို့ရဲ့ သတင်းအချက်အလက်တွေ ကိုလုံခြုံစွာပေးပို့နိုင်ပါပီ။